Saturday, February 1, 2014

လွမ်းတေး

မနက်ခင်း.....
လန်းဆန်းခြင်းများနဲ့ သူနိုးထလာခဲ့တယ်
အမှတ်ရစရာနေရာများရဲ့ ပြုစားခြင်းကို မခံစားရသေးခင် အချိန်အထိပေါ့.....

အောက်မေ့စရာ အတိတ်တွေ စုစည်းနေတဲ့ နေရာမှာ
သူ့ပျော်ရွှင်မှုတွေ အရောင်အဆင်းကင်းမဲ့ခဲ့ရပြီ.....

လွတ်ထွက်သွားတဲ့ အသိတရားတွေကို ပြန်စုစည်းမိလိုက်တဲ့ အချိန်တိုင်း
သူ့မျက်ဝန်းမှာ စွတ်စိုနေတဲ့ မျက်ရည်တို့ရဲ့ အတွေ့အထိကို
သူခံစားမိရပြီ.....

သူ့ခံစားချက်တွေ အရမ်းပြင်းထန်နေရတာပါလား
အမြဲတမ်း ဖူးပွင့်နေခဲ့တဲ့ အပြုံးပန်းပွင့်တို့ရဲ့နေရာမှာ
လစ်ဟာမှုတွေ ကြီးစိုးလာနေပြီပဲ.....

မွန်းကြပ်မှုတွေကို ပိုက်ပွေ့ပြီး သူ့တစ်နေ့တာကို
ဝတ်ကျေတန်းကျေပဲ ဖြတ်သန်းလိုက်ရတော့တယ်

ကြီးမားတဲ့ သံယောဇဉ်စိတ်က သူ့ကိုနာကြင်မှုတွေပဲ
ပေးနေတာပါလားနော်.....။